Friday, February 19, 2016

2 Line For Viber

2 Line for Viber
============
ကျွန်တော့် Blog ကို ခုလို လာရောက်လည်ပတ် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။ အခု တင်ပေးလိုက်တာက ဖုန်း Call တွေကို Free ခေါ်ဆိုနိုင်တဲ့ Viber အကောင့်တွေ ဖုန်းတစ်လုံးထဲမှာတင် နှစ်ခု / သုံးခု သုံးနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ ခင်ဗျ။ အသုံးပြုပုံကို အောက်မှာ အသေးစိတ် ရှင်းပြပါမယ်။
လိုအပ်တာတွေကတော့ ရိုးရိုး Viber ဆော့ဖ်ဝဲတစ်ခု ၊ 2 Line for Viber ဆော့ဖ်ဝဲနဲ့ Busy Box pro ဆော့ဖ်ဝဲ ၊ Root access ရှိပြီး Android ဖုန်းတစ်လုံးတို့ပဲ ဖြစ်ပါတယ်။
Viber ဆော့ဖ်ဝဲ မရှိသေးရင် နောက်ဆုံးထွက် Version အသစ်ကို ဒေါင်းလုတ်ဆွဲပါ။
Download Viber new Version
2 Line for Viber ကို အောက်မှာပေးထားတဲ့ Link ကို နှိပ်ပြီး ဒေါင်းလိုက်ပါ။
Download 2 Line for Viber
Busy Box pro ကိုတော့ အောက်က Link ကို နှိပ်ပြီး ဒေါင်းပါ။
Download busy box pro
==>> စကြစို့ ……  အရင်ဆုံး Busy box pro ကို Install လုပ်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Root access တောင်းရင် ပေးလိုက်ပါ။ (Root မရှိသေးတဲ့ဖုန်းဆို Root အရင်ဖောက်လိုက်ပါ။] ပြီးရင် Busy box pro ကို ဖွင့်လိုက်ပါ။ device storage ထဲကို Install လုပ်ပေးလိုက်ပါ။ စက်ရဲ့ CPU အလိုက် အချိန် ၅ မိနစ်ကနေ ၇မိနစ်ထိ ကြာနိုင်ပါတယ်။ Install လုပ်ပြီးပြီ ဆိုရင် အဲ့ဆော့ဖ်ဝဲထဲကနေ ထွက်လိုက်ပါ။ 2Line for Viber နဲ့ ရိုးရိုး Viber တို့ကို Install လုပ်ပါ။ 2 Line for Viber ကို ဖွင့်လိုက်ပါ။ Root access တောင်းပါလိမ့်မယ်။ ပေးလိုက်ပါ။ ပြီးရင် အရင် Viber အကောင့်ရှောက်သလိုပဲ အကောင့်တစ်ခုချင်းစီ လျောက်နိုင်ပါပြီ။

Saturday, February 13, 2016

ချစ်သူလေး ဖူးဖူးသော်ဇင်အတွက်

ချစ်သူလေး ဖူးဖူးသော်ဇင် အတွက်
ကောင်းခန့်ကျော်မှ
အမှတ်တရ ချစ်လက်ဆောင်

အရမ်းချစ်တယ် ကလေးရယ်…
ကိုကို တစ်ကယ်ပြောတာပါ…
ကိုတို့ ဘယ်တော့မှ မခွဲဘဲ ချစ်သွားကြမယ်နော်…
ချစ်လေးအတွက်  
Valentine လက်ဆောင်အဖြစ် ကိုကို Application တစ်ခု လုပ်ထားတယ်။
ချစ်လေး ကိုကို့ကို တစ်သက်လုံး သစ္စာရှိရှိ ချစ်နိုင်ပါစေ……

Press Here to Download

This application is developed by Kaung Khant Kyaw.

Wednesday, June 17, 2015

Root for Huawei C8816D

Root for Huawei C8816D
===================

ဒီပို့စ်လေးကို Google Plus က အစ်ကို Thiha Naing က မေးထားတဲ့အတွက် တင်ပေးဖြစ်သွားတာ ဖြစ်ပါတယ်။ အခုတင်ပေးတဲ့ zip ဖိုင်ရဲ့  မူရင်းပိုင်ရှင်ကိုတော့ မမှတ်မိတော့ပါဘူး။ Huawei C8816D, Version : 4.3 ကို ဘာ PC မှ မလိုဘဲ Software လေး တစ်ခုနဲ့တင် Root ပေးနိုင်ပါတယ် ခင်ဗျ။ Firmware upgrade လုပ်ထားတဲ့ ဖုန်းတွေကိုတော့ အာမ, မခံပါဘူး။

ဟုတ်ကဲ့ ... ဒီကို နှိပ်ပြီး zip ဖိုင်ကို ဒေါင်းလိုက်ပါ။
                                 (or)
Click here to download zip file.
file size : 1.72 MB

ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို zip ဖြေလိုက်ပါ။ ( zip ဖိုင်ကို ကြာကြာနှိပ်ပြီး extract ကို ရွေးပေးလိုက်ပါ။ OK ကို ဆက်ပြီး click လိုက်ရင် zip ဖြေပေးသွားပါလိမ့်မယ် ခင်ဗျ။ ) အထဲမှာ ပါတဲ့ towel root.apk ကို install လုပ် ၊ ဖွင့်ပြီး "make it r a 1n" ကို နှိပ်လိုက်ပါ။ ၃ မိနစ်လောက်ကြာရင် ဖုန်းက reboot ကျသွားမှာပါ။ ပြန်တက်လာရင်တော့ Root ဖောက်ပြီးသွားပါပြီ ခင်ဗျ။ Reboot မကျတဲ့ ဖုန်းက firmware upgrade လုပ်မိတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်စမ်းပြီးသားဖုန်း Built number ; C8816DV100R001C92B183 မှာတော့ root ပေါက်သွားပါတယ်။ အဲ့ဖုန်းကို firmware upgrade လုပ်ပြီး ၊ Built number က ; C8816DV100R001C92B191 ပြောင်းသွားမှ reboot မကျတော့ဘဲ ဖြစ်သွားတာ ကြုံခဲ့ရလို့ပါ။ ကဲ... အားလုံး အဆင်ပြေကြပါစေဗျာ။ အောက်မှာ ပုံနဲ့ ပြပေးထားပါတယ်။ zip ဖိုင်ထဲက နောက်ထပ် app တွေကို Root စစ်ဆေးဖို့အတွက် သုံးနိုင်ပါတယ် ခင်ဗျ။

★★★ Facebook မှာ Blog ထောင်ဖို့ နည်းပြပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဆရာအစ်ကို Phoe Kaung ကို အရမ်း ကျေးဇူးတင်ပါတယ် ခင်ဗျ။ အခု အစ်ကိုက နာမည်ပြောင်းထားခဲ့ရင် ခွင့်လွှတ်ပါ ခင်ဗျ။ ★★★

Monday, June 15, 2015

Clash of Clan Myanmar font

Clash of Clan Myanmar font for Android

ဒီတစ်ခါ ကျွန်တော် Clash of Clan ကစားတဲ့ ကိုကို မမ တွေအတွက် ဆော့ဖ်ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်။ တစ်ချို့ဖုန်းတွေက Clash of Clan မှာ မြန်မာစာ မပေါ်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ အဲ့ပြဿနာကို အခု ဆော့ဖ်ဝဲလေးနဲ့ ဖြေရှင်းလိုက်ကြရအောင်။
ကိုယ့်ညီ ... / မောင်လေး ... ဒီဆော့ဖ်ဝဲနဲ့ ဖုန်းတိုင်းကို CoC မှာ မြန်မာစာ မပေါ်တဲ့ ပြဿနာဖြေရှင်းပေးလို့ရလား?
ဟုတ်ကဲ့ ... ဖုန်းတိုင်းကို မဆိုလိုပါဘူး ခင်ဗျ။ Complex Script Rendering စနစ် မပါတဲ့ Root ဖောက်ပြီးသား ဖုန်းတွေမှသာ မြန်မာစာကို မှန်မှန်ကန်ကန် မြင်နိုင်ပါတယ်။  Complex Script Rendering စနစ် က အင်္ဂလိပ်စာတွေကို ရှေ့နောက် မှားနေရင် ပြင်ပေးတဲ့ စနစ်ပါ။ ဘာပဲဖြစ်ဖြစ် Root ပေါက်ထားရင် သွင်းလို့ ရပါတယ်။ Root ဖောက်နည်းနဲ့ Root tool တွေကိုတော့ နောက် Posts တွေမှာ တင်ပေးသွားပါမယ်။ Root အလွယ် ဖောက်ချင်ရင်တော့ Browser တစ်ခုခုမှာ " Root for ဖုန်းအမျိုးအစား - ဖုန်း Model နံပတ် " လို့ ရိုက်ပြီး ရှာလိုက်ပါ။ ဥပမာ- " Root for Huawei C8816D "

ကဲ ... အာချောင်လို့ ပြီးသွားပြီ။ ခ်ခ်။ ဒီလင့်ကို နှိပ်ပြီး Clash of Clan မြန်မာဖောင့်ကို ဒေါင်းယူလိုက်ပါ။ လုပ်နည်းက အရမ်းလွယ်လို့ ရှင်းမပြတော့ပါဘူး။ CoC ကိုကို မမ များ အဆင်ပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကျွန်တော့်ဆီ အကြံပြုချက်များ ၊ ဝေဖန်ချက်များ ပေးပို့ချင်ရင် kaungkhantkyawlover@gmail.com သို့ ပေးပို့ အကြံပြုနိုင်ပါတယ် ခင်ဗျ။ ကျွန်တော့်ရဲ့ Blog ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နည်းပညာ ညီအစ်ကို မောင်နှမများ အားလုံးကို ချစ်ခင်လေးစားလျက် ...
Facebook မှာ Blog ထောင်ဖို့ နည်းပြပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဆရာအစ်ကို Phoe Kaung ကို credit ပေးပါတယ် ခင်ဗျ။

Credit to Phoe Kaung.

Sunday, June 14, 2015

Battery 100% Alarm

ဘတ္ထရီ အာပြည့်လျှင် အချက်ပေးမည့် apk

မူရင်းကတော့ အင်္ဂလိပ် ဆော့ဖ်ဝဲလေးပါ။ ကျွန်တော်က မြန်မာမှု ပြု ပြီး ပြန်လည် ရေးဆွဲထားပါတယ်။ သြော်... ပြန်ဆွဲထားတာ ဆိုလို့ ကျွန်တော် Programming ကျွမ်းကျင်လို့ မဟုတ်ဘူး ဆိုတာကို နည်းပညာ ညီအစ်ကို မောင်နှမများအား ဝန်ခံပါရစေ ခင်ဗျ။
ဒီ app က အားပြည့်ချိန်ကို ထိုင်စောင့်မနေရတော့ဘဲ မြည်သံနဲ့ အချက်ပေးမှာပဲ ဖြစ်ပါတယ်။
ပြီးတော့ ကြိုက်နှစ်သက်ရာ မြည်သံ ကို ထည့်သွင်းနိုင်ပါတယ်ဗျာ။

ဒီလင့်ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါပြီ ခင်ဗျ။
ကျွန်တော့်ဆီ အကြံဥာဏ်များ ၊ ဝေဖန်ချက်များ ပေးပို့ချင်ရင် kaungkhantkyawmobile@gmail.com ကို ပေးပို့ အကြံပြုနိုင်ပါတယ် ခင်ဗျ။