Monday, June 15, 2015

Clash of Clan Myanmar font

Clash of Clan Myanmar font for Android

ဒီတစ်ခါ ကျွန်တော် Clash of Clan ကစားတဲ့ ကိုကို မမ တွေအတွက် ဆော့ဖ်ဝဲလေးတစ်ခု တင်ပေးလိုက်ပါတယ်။ တစ်ချို့ဖုန်းတွေက Clash of Clan မှာ မြန်မာစာ မပေါ်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ အဲ့ပြဿနာကို အခု ဆော့ဖ်ဝဲလေးနဲ့ ဖြေရှင်းလိုက်ကြရအောင်။
ကိုယ့်ညီ ... / မောင်လေး ... ဒီဆော့ဖ်ဝဲနဲ့ ဖုန်းတိုင်းကို CoC မှာ မြန်မာစာ မပေါ်တဲ့ ပြဿနာဖြေရှင်းပေးလို့ရလား?
ဟုတ်ကဲ့ ... ဖုန်းတိုင်းကို မဆိုလိုပါဘူး ခင်ဗျ။ Complex Script Rendering စနစ် မပါတဲ့ Root ဖောက်ပြီးသား ဖုန်းတွေမှသာ မြန်မာစာကို မှန်မှန်ကန်ကန် မြင်နိုင်ပါတယ်။  Complex Script Rendering စနစ် က အင်္ဂလိပ်စာတွေကို ရှေ့နောက် မှားနေရင် ပြင်ပေးတဲ့ စနစ်ပါ။ ဘာပဲဖြစ်ဖြစ် Root ပေါက်ထားရင် သွင်းလို့ ရပါတယ်။ Root ဖောက်နည်းနဲ့ Root tool တွေကိုတော့ နောက် Posts တွေမှာ တင်ပေးသွားပါမယ်။ Root အလွယ် ဖောက်ချင်ရင်တော့ Browser တစ်ခုခုမှာ " Root for ဖုန်းအမျိုးအစား - ဖုန်း Model နံပတ် " လို့ ရိုက်ပြီး ရှာလိုက်ပါ။ ဥပမာ- " Root for Huawei C8816D "

ကဲ ... အာချောင်လို့ ပြီးသွားပြီ။ ခ်ခ်။ ဒီလင့်ကို နှိပ်ပြီး Clash of Clan မြန်မာဖောင့်ကို ဒေါင်းယူလိုက်ပါ။ လုပ်နည်းက အရမ်းလွယ်လို့ ရှင်းမပြတော့ပါဘူး။ CoC ကိုကို မမ များ အဆင်ပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ကျွန်တော့်ဆီ အကြံပြုချက်များ ၊ ဝေဖန်ချက်များ ပေးပို့ချင်ရင် kaungkhantkyawlover@gmail.com သို့ ပေးပို့ အကြံပြုနိုင်ပါတယ် ခင်ဗျ။ ကျွန်တော့်ရဲ့ Blog ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နည်းပညာ ညီအစ်ကို မောင်နှမများ အားလုံးကို ချစ်ခင်လေးစားလျက် ...
Facebook မှာ Blog ထောင်ဖို့ နည်းပြပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဆရာအစ်ကို Phoe Kaung ကို credit ပေးပါတယ် ခင်ဗျ။

Credit to Phoe Kaung.

No comments:

Post a Comment