Friday, February 19, 2016

2 Line For Viber

2 Line for Viber
============
ကျွန်တော့် Blog ကို ခုလို လာရောက်လည်ပတ် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။ အခု တင်ပေးလိုက်တာက ဖုန်း Call တွေကို Free ခေါ်ဆိုနိုင်တဲ့ Viber အကောင့်တွေ ဖုန်းတစ်လုံးထဲမှာတင် နှစ်ခု / သုံးခု သုံးနိုင်တဲ့ ဆော့ဖ်ဝဲလေးပါ ခင်ဗျ။ အသုံးပြုပုံကို အောက်မှာ အသေးစိတ် ရှင်းပြပါမယ်။
လိုအပ်တာတွေကတော့ ရိုးရိုး Viber ဆော့ဖ်ဝဲတစ်ခု ၊ 2 Line for Viber ဆော့ဖ်ဝဲနဲ့ Busy Box pro ဆော့ဖ်ဝဲ ၊ Root access ရှိပြီး Android ဖုန်းတစ်လုံးတို့ပဲ ဖြစ်ပါတယ်။
Viber ဆော့ဖ်ဝဲ မရှိသေးရင် နောက်ဆုံးထွက် Version အသစ်ကို ဒေါင်းလုတ်ဆွဲပါ။
Download Viber new Version
2 Line for Viber ကို အောက်မှာပေးထားတဲ့ Link ကို နှိပ်ပြီး ဒေါင်းလိုက်ပါ။
Download 2 Line for Viber
Busy Box pro ကိုတော့ အောက်က Link ကို နှိပ်ပြီး ဒေါင်းပါ။
Download busy box pro
==>> စကြစို့ ……  အရင်ဆုံး Busy box pro ကို Install လုပ်ပါ။ ပြီးရင် ဖွင့်လိုက်ပါ။ Root access တောင်းရင် ပေးလိုက်ပါ။ (Root မရှိသေးတဲ့ဖုန်းဆို Root အရင်ဖောက်လိုက်ပါ။] ပြီးရင် Busy box pro ကို ဖွင့်လိုက်ပါ။ device storage ထဲကို Install လုပ်ပေးလိုက်ပါ။ စက်ရဲ့ CPU အလိုက် အချိန် ၅ မိနစ်ကနေ ၇မိနစ်ထိ ကြာနိုင်ပါတယ်။ Install လုပ်ပြီးပြီ ဆိုရင် အဲ့ဆော့ဖ်ဝဲထဲကနေ ထွက်လိုက်ပါ။ 2Line for Viber နဲ့ ရိုးရိုး Viber တို့ကို Install လုပ်ပါ။ 2 Line for Viber ကို ဖွင့်လိုက်ပါ။ Root access တောင်းပါလိမ့်မယ်။ ပေးလိုက်ပါ။ ပြီးရင် အရင် Viber အကောင့်ရှောက်သလိုပဲ အကောင့်တစ်ခုချင်းစီ လျောက်နိုင်ပါပြီ။

No comments:

Post a Comment